Friday, October 5, 2012

မြန်မာပြက္ခဒိန်တွက်နည်း (၃၁)

၎၊ ၅၊ ၆။ လဂ်စီးနက္ခတ် တွက်ခြင်း


            စင်နက္ခတ် (စန်းယှဉ်နက္ခတ်) တွက်ပုံကို အခန်း ၃၊ ၄ တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ လဂ်စီးနက္ခတ်တွက်ပုံမှာလည်း စင်နက္ခတ်တွက်ပုံနှင့် သဘောတရားချင်း အတူတူပင် ဖြစ်ပါသည်။ နက္ခတ်နှင့် နက္ခတ်စီးအံသာများအကြောင်းကို အခန်း ၁၊ ၄ တွင် အကျယ်တ၀င့် ရှင်းလင်းပြခဲ့ပြီး ဖြစ်ပါသည်။

 
ဘဒ္ဒန္တ ကောသလ္လထေရ် ၏ ကန်ဦးမူ သံဒိဋ္ဌသင်္ကြန် စကားပြေကျမ်းလာ နက္ခတ်စီးအံသာများ


နက္ခတ်စီးအံသာ
နက္ခတ်စီးအံသာ
နက္ခတ်စီးအံသာ
အဿဝဏီ
မာဃ
၁၂၉
မူလ
၂၄၂
ဘရဏီ
၁၈
ပြုပ္ပါဘရဂုဏီ
၁၄၅
ပြုပ္ပါသဠ်
၂၅၇
ကြတ္တိကာ
၃၄
ဥတြဘရဂုဏီ
၁၅၄
ဥတ္တရာသဠ်
၂၆၂
ရောဟိဏီ
၄၆
ဟဿတ
၁၆၄
သရ၀ဏ်
၂၇၅
မိဂသီ
၆၀
စိတြ
၁၇၉
ဓနသိဒ္ဓ
၂၈၇
အဒြ
၆၅
သွာတိ
၁၉၂
သတ္တဘိသျှ
၃၁၃
ပုဏ္ဏဗသု
၉၂
ဝိသာခါ
၂၁၃
ပြုပ္ပဘဒြပိုဒ်
၃၂၃
ဖုသျှ
၁၀၆
အနုရာဓ
၂၂၄
ဥတြဘဒြပိုဒ်
၃၃၉
အသလိဿ
၁၁၈
ဇေဋ္ဌ
၂၂၉
ရေ၀တီ
၃၅၀


            ဤနက္ခတ်စီးအံသာများမှာ အခန်း ၁၊ ၄။ တွင်ဖော်ပြခဲ့သော ဇယားမှာ သူရိယသိဒ္ဓန္တ (၂) နှင့် တူပါသည်။ သင်္ကြန် ကျချိန်လဂ်မှာ ၇ ရာသီ၊ ၁၉ အံသာ၊ ၂၇ လိတ္တာ ဖြစ်၏။ ၎င်းကို အံသာဖွဲ့သော် ၂၂၉ ရသည်။ ထို့ကြောင့် လဂ်စီးနက္ခတ်မှာ ဇေဋ္ဌနက္ခတ်ဖြစ်သည်။

လဂ်စီးနက္ခတ်ကို တွက်ယူလိုလျှင် တွက်ပုံမှာ အခန်း ၃၊ ၄၊ ၁ တွင် ပြခဲ့သော စန်းယှဉ်နက္ခတ်တွက်ပုံအတိုင်း ဖြစ်ပါသည်။

ရာသီ
အံသာ
လိတ္တာ
 
၁၉
၂၇
 
၃၀
 
၂၁၀
 
၁၉
 
၂၂၉
 
၆၀
 
၁၃၇၄၀
 
၂၇
 
၈၀၀
၁၃၇၆၇
၁၇
လုံး
 
၁၃၆၀၀
 
၂၀၀
၁၆၇
ပါဒ်
 
 
၁၆၇
 
 
၄၀
၅၀၁
၁၃
ဃဋီ
သင်္ကြန်စာတွင် ၁၇လုံး၊ ၀ ပါဒ်၊ ၁၂ ဃဋီ၊ ၅၂ ၀ိဃဋီ၊ ၁၈ အနုဃဋီ စသဖြင့်
အနုစိတ်တွက်ထားပါသည်။

 
၎၊ ၅၊ ၇။ သင်္ကြန်ကျချိန်၊ တက်ချိန် တိထီ၊ ဃဋီတွက်နည်း

 
            တိထီ၊ ဃဋီတွက်နည်းကို အခန်း ၃၊ ၅။ တွင်ပြဆိုခဲ့ပြီးဖြစ်ပါသည်။ သင်္ကြန်ကျချိန်၊ တက်ချိန် တိထီ၊ ဃဋီများကိုလည်း ဤနည်းအတိုင်း တွက်ယူနိုင်ပါသည်။

            သင်္ကြန်ကျချိန်ရှိ တိထီ၊ ဃဋီကို တွက်ရန် သင်္ကြန်ကျချိန်တွင်ရှိသော တနင်္ဂနွေဂြိုဟ်စင်နှင့် တနင်္လာဂြိုဟ်စင်များဖြင့် တွက်ယူနိုင်ပါသည်။ သို့မဟုတ်ပါက သံဒိဋ္ဌပြက္ခဒိန်ရှိ တိထီ၊ ဃဋီမှလည်း ပြန်တွက်နိုင်ပါသည်။ ထို့ကြောင့် တနင်္ဂနွေဂြိုဟ်စင် နှင့် တနင်္လာဂြိုဟ်စင်များကို တွက်မနေတော့ဘဲ သံဒိဋ္ဌပြက္ခဒိန်ဖြင့်တွက်ပါမည်။

               
သင်္ကြန်ကျချိန်၊ ၁၃-၄-၂၀၁၂ နေ့၊ ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့်။


တိထီ
ဃဋီ
၁၃၊ ၄၊ ၁၂ ရက်နေ့ သန်းခေါင်ရှိ တိထီ =
၃၃
၁၂၊ ၄၊ ၁၂ ရက်နေ့ သန်းခေါင်ရှိ တိထီ =
၃၀
တစ်ရက် (၂၄နာရီ) တွင် တက်သောဃဋီ =
=
၆၃
ဃဋီ


ည ၉ နာရီ၊ ၅၃ မိနစ်၊ ၂၆ စက္ကန့် =
၇၈၈၀၆
စက္ကန့်
၂၄ နာရီ =
၈၆၄၀၀
စက္ကန့်


သင်္ကြန်ကျချိန် တိထီ၊ ဃဋီ
=
၇၈၈၀၆
x
၆၃
=
၅၇.၄၆
ဃဋီ
 
၈၆၄၀၀
 
တိထီ
ဃဋီ
၁၂၊ ၄၊ ၁၂ ရက်နေ့ သန်းခေါင်ရှိ တိထီ =
၃၀
တက်သောတိထီ၊ ဃဋီ =
၅၈
သင်္ကြန်ကျချိန်ရှိ တိထီ၊ ဃဋီ =
၂၈

            ထို့ကြောင့် သင်္ကြန်ကျချိန်၏ တိထီ၊ ဃဋီမှာ ၇ တိထီ၊ ၂၈ ဃဋီ ဖြစ်၏။ သင်္ကြန်တက်ချိန် တိထီ၊ ဃဋီကိုလည်း အလားတူ တွက်ယူနိုင်ပါသည်။

 
၎၊ ၅၊ ၈။ ကရိုဏ်းတွက်နည်း


            သင်္ကြန်အကျ၊ အတက်တိထီများတွင် လဆန်းရက်ဖြစ်က ထိုအတိုင်းပင်တည်။ လဆုတ်ရက်ဖြစ်က တိထီတွင် ၁၅ ပေါင်း။ ထိုပေါင်းရ တိထီ၊ ဃဋီကို ၂ ဖြင့်မြှောက်။ ဃဋီတွင် ၆၀ ကျော်လျှင် တိထီတွင် ၁ ပေါင်းပါ။ ဃဋီစွန်းနေသေးလျှင် တိထီကို ၁ ထပ်ပေါင်းပေးပါ။ ကိတုဃဏကရိုဏ်းအတွက် တိထီတွင် ၁ နှုတ်ပါ။ နှုတ်လဒ်ကို ၇ ဖြင့်စားပြီး စားကြွင်းကိုလိုက်၍ အောက်ပါအတိုင်း ကရိုဏ်းနာမည်ပေးပါသည်။
 

စားကြွင်း
ကရိုဏ်းအမည်
ပဗ္ဗကရိုဏ်း
ဗာလ၀ကရိုဏ်း
ကောလ၀ကရိုဏ်း
တေတိလကရိုဏ်း
ကရဇကရိုဏ်း
ဝါဏိဇ္ဇကရိုဏ်း
ဘိသျှတိကရိုဏ်း

 
၂၀၁၂ သင်္ကြန်အကျရက် ၁၃-၄-၂၀၁၂ နေ့သည် နှောင်းတန်ခူးလဆုတ် ၇ ရက်ဖြစ်၏။ သင်္ကြန်ကျချိန်ကရိုဏ်းကို အောက်ပါ အတိုင်း တွက်ယူနိုင်ပါသည်။

တိထီ
ဃဋီ
 
သင်္ကြန်ကျချိန်ရှိ တိထီ၊ ဃဋီ =
၂၈
 
တန်ခူးလဆုတ် =
၁၅
 
 
၂၂
၂၈
 
၂ ဖြင့် အသီးသီးမြှောက်
 
၄၄
၅၆
 
ဃဋီစွန်းအတွက် တိထီတွင်တစ်တိုး =
 
၄၅
 
 
ကိတုဂဏကရိုဏ်းအတွက် တိထီတွင် ၁ နှုတ်
 
၄၄
 
၄၂
 
(စားကြွင်း)


            ၂ ကြွင်းသောကြောင့် သင်္ကြန်ကျချိန်မှာ ဗလ၀ကရိုဏ်း ဖြစ်ပါသည်။

 
၎၊ ၅၊ ၉။ သင်္ကြန်သုံးပါး
 

သင်္ကြန်အကျလဂ်
သင်္ကြန်အမျိုးအစား
ဦးခေါင်းဆေးမင်္ဂလာအခါ
မိဿ၊ တူ လဂ်
ဗသျှူသင်္ကြန်
သင်္ကြန်အကျနေ့၊ သင်္ကြန်မကျမီအချိန်
ကြဋ်၊ မကာရ လဂ်
အာယာမသင်္ကြန်
သင်္ကြန်ကျသောအချိန် နာရီ
ပြိဿ၊ မေထုန်၊ သိဟ်၊ ကန်၊
သာမန္တသင်္ကြန်
သင်္ကြန်ကျပြီးနောက် ၂၄ မိနစ်ကြာသောအချိန်
ဗြိစ္ဆာ၊ ဓနု၊ ကုန်၊ မိန်

 
၂၀၁၂ ခုနှစ်အတွက် သင်္ကြန်အကျလဂ်မှာ ဗြိစ္ဆာလဂ် ဖြစ်သဖြင့် သာမန္တသင်္ကြန်ဖြစ်သည်။

 
၎၊ ၅၊ ၁၀။ မြေခံ၊ ဂဟပတိအရပ်၊ ဂြဟဇာပွင့်ရာအရပ်၊ နေ့နံ၏ အမြစ်၊ အညွန့် စသည်တို့ကို ရွေးခြင်း

 အရပ်မျက်နှာများ


အနောက်မြောက်
မြောက်
အရှေ့မြောက်
အနောက်
 
အရှေ့
အနောက်တောင်
တောင်
အရှေ့တောင်

 
သင်္ကြန်အကျ၊ အတက်။ လဆန်းဖြစ်လျှင် ၁၅ ကိုတည်။ လဆုတ်ဖြစ်လျှင် ၂၀ ကိုတည်။ သင်္ကြန်အကျ၊ အတက် တိထီ၊ ဃဋီ တွင် ဃဋီအတွက် တိထီတွင် တစ်ခုတိုး။ ထိုတိထီဖြင့် နှုတ်ကာ နှုတ်ကြွင်းကို ၁၀ ဖြင့်စားပါ။ စားကြွင်းကိုလိုက်၍ အောက်ပါ အတိုင်း မြေခံရွေးပါသည်။

စားကြွင်း
မြေခံ
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး
ကြာသပတေး
သောကြာ
စနေ
ရာဟု
ကိတ်
မိတ္တု

 
၂၀၁၂ ခုနှစ်အတွက် သင်္ကြန်အကျရက် ၁၃-၄-၂၀၁၂ နေ့သည် နှောင်းတန်ခူးလဆုတ် ၇ ရက်ဖြစ်၏။ ထို့ကြောင့် မြေခံကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။
 

၂၀
(လဆုတ်အတွက်)
သင်္ကြန်ကျချိန်ရှိ တိထီ၊ ဃဋီ =
(ဃဋီအတွက် တစ်ခုတိုး)
၁၀
၁၂
၁၀
(စားကြွင်း)


            ၂ ကြွင်းသဖြင့် တနင်္လာမြေခံဖြစ်ပါသည်။ သင်္ကြန်အတက်မြေခံတွက်နည်းမှာလည်း အလားတူပင်ဖြစ်၏။

            မြေခံကိုလိုက်၍ ဂြဟဇာပွင့်ရာအရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


မြေခံ
ဂြဟဇာပွင့်ရာအရပ်
တနင်္ဂနွေ
အနောက်တောင်ထောင့်
တနင်္လာ
တောင်
အင်္ဂါ
အရှေ့တောင်
ဗုဒ္ဓဟူး
အရှေ့
ကြာသပတေး
အထက်ကောင်းကင်
သောကြာ
အောက်မြေကြီး
စနေ
အရှေ့မြောက်
ရာဟု
မြောက်
မိတ္တု
အနောက်

 
            နေ့နံအလိုက် ဂဟပတိအရပ်၊ ဂြဟဇာပွင့်ရာအရပ်၊ နံ၏ အမြစ်ပန်း၊ အညွန့်ပန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


နေ့/နံအမည်
ဂဟပတိအရပ်
ဂြဟဇာပွင့်ရာအရပ်
နံ၏ အမြစ်ပန်း
နံ၏ အညွန့်ပန်း
တနင်္ဂနွေနေ့
အနောက်တောင်ထောင့်
မြောက်
ဒန်း (စနေနံ)
ကံ့ကော် (တနင်္လာနံ)
တနင်္လာနေ့
အနောက်
တောင်
အုန်း (တနင်္ဂနွေနံ)
နေဇာ (စနေနံ)
အင်္ဂါနေ့
အနောက်မြောက်
အရှေ့
ကံ့ကော် (တနင်္လာနံ)
ချယား (တနင်္လာနံ)
ဗုဒ္ဓဟူးနေ့
မြောက်
အနောက်
နေဇာ (စနေနံ)
သပြေ (သောကြာနံ)
ကြာသပတေးနေ့
အရှေ့
အနောက်
ချယား (တနင်္လာနံ)
သီး (သောကြာနံ)
သောကြာနေ့
တောင်
မြောက်
သပြေ (သောကြာနံ)
ဒန်း (စနေနံ)
စနေနေ့
အရှေ့မြောက်
တောင်
သီး (သောကြာနံ)
အုန်း (တနင်္ဂနွေနံ)
ရာဟု
အရှေ့တောင်


            ဤသည်တို့ကို ခေါင်းဆေးမင်္ဂလာပြုခြင်းအတွက် အသုံးချပါသည်။

 
၎၊ ၅၊ ၁၁။ ဦးခေါင်းဆေးမင်္ဂလာပြုခြင်း

 
            (က) သင်္ကြန်အကျမြေခံနေ့သား၊ နေ့သမီးနှင့် သင်္ကြန်အကျနေ့သား၊ နေ့သမီးတို့မှအပ ကြွင်းကျန်သော နေ့သား၊ နေ့သမီးတို့သည် ၄၊ ၅၊ ၈။ ၌ ပြဆိုခဲ့သည့် သင်္ကြန်သုံးပါး အားလျော်စွာ သင်္ကြန်မကျမီအချိန်၌လည်းကောင်း၊ ကျဆဲအချိန်၌ လည်းကောင်း၊ ကျပြီးအချိန်၌ လည်းကောင်း၊ မိမိတို့၏ ဂဟပတိအရပ် သစ်ပင်ရင်းသို့သွား၍ မိမိတို့မွေးနံ၏ အမြစ်ဖြစ်သော ပန်းပွင့်၊ ပန်းညွန့်တို့ကို အခင်းပြုကာ၊ မိမိတို့မွေးနံ၏ အညွန့်ဖြစ်သော ပန်းပွင့်၊ ပန်းညွန့်တို့ကို အဆောင်ပြုလျှက် သင်္ကြန်အကျ၊

ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အရပ်သို့ မျက်နှာမူပြီးလျှင် ရတနာသုံးပါး၊ မိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သိကြား၊ ဗြဟ္မာ၊

စတုလောကပါလ၊ သာသနာတော်စောင့် သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တို့အားတိုင်ကြား ပူဇော်ပသပြီးလျှက် ဦးခေါင်းဆေး မင်္ဂလာ ပြုကုန်ရာသည်။

            (ခ) သင်္ကြန်အကျမြေခံနေ့သား၊ နေ့သမီးတို့သည် သင်္ကြန်အကျတိထီမြေခံပြတ်သော အချိန်နာရီလွန်မှ မိမိတို့၏ ဂဟပတိအရပ် သစ်ပင်ရင်းသို့သွား၍ အပိုဒ် (က) တွင်ပြဆိုထားသည့်အတိုင်း ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။

            (ဂ) သင်္ကြန်အကျနေ့သား၊ နေ့သမီးတို့သည် သင်္ကြန်အကြတ်ရက်၌ ၎င်းအကြတ်ရက်၏ တိထီမြေခံအားလျော်စွာ မိမိတို့၏ ဂဟပတိအရပ် သစ်ပင်ရင်းသို့သွား၍ အပိုဒ် (က) တွင်ပြဆိုထားသည့်အတိုင်း ဦးခေါင်းဆေးမင်္ဂလာ ပြုကုန်ရာသည်။


ဦးခေါင်းဆေးမင်္ဂလာပြုရမည့်
မွေးနံ
ရက်
အချိန်
ဂဟပတိအရပ်
မျက်နှာပြုရာအရပ်
အခင်းပန်း
အဆောင်ပန်း
တနင်္ဂနွေ
အနောက်တောင်
ဒန်း
ကံ့ကော်
တနင်္လာ
အနောက်
အုန်း
နေဇာ
အင်္ဂါ
အနောက်မြောက်
ကံ့ကော်
ချယား
ဗုဒ္ဓဟူး
မြောက်
နေဇာ
သပြေ
ကြာသပတေး
အရှေ့
ချယား
သီး
သောကြာ
တောင်
သပြေ
ဒန်း
စနေ
အရှေ့မြောက်
သီး
အုန်း

 
၁။ ၂။ ဦးခေါင်းဆေးမင်္ဂလာပြုရမည့်ရက်နှင့် အချိန်မှာ သင်္ကြန်အမျိုးအစားပေါ်မူတည်ပါသည်။
၃။ မျက်နှာမူရာအရပ်မှာ သင်္ကြန်အကျနေ့ ဂြဟဇာပွင့်ရာအရပ် ဖြစ်ပါသည်။


            ဦးခေါင်းဆေးမင်္ဂလာပြုရသော အကျိုးကား ခုနစ်နှစ်က ဖြစ်ကုန်သော ရောဂါ၊ အနာမျိုးတို့ကို ပျောက်ကင်းစေလျှက် တစ်သိန်းသောအကျိုးတို့ဖြင့် ချမ်းသာခြင်းကို ဖြစ်စေနိုင်၏ဟူ၍ ပြဆိုထားပါသည်။

No comments: